ဒီ ယန္တြကို မူရင်းကျမ်းမှာတော့ ရွှေပြားပေါ်မှာရေးထွင်းရမယ်လို့ ဆိုထားပါတယ်။ မူကွဲကျမ်းတချို့ကမှာ ကတော့ ငွေပြား၊ ကြေးပြားလိုအရာတွေပေါ်မှာပါ ရေးထွင်းစီရင်နိုင်တယ်လို့ ဆိုထားပါတယ်။ ဒီမှာတော့ ကျနော်အသုံးပြုခဲ့တဲ့ လွယ်ကူတဲ့နည်းလမ်းကိုပဲ ပြောပြပါမယ်။ ဩဇာအာဏာတိုးတက်စေဖို့၊ ထိန်းချုပ်မှု အားကောင်းစေဖို့၊ အထူးသဖြင့် အမျိုးသမီးများကို ဆွဲဆောင်နိုင်စေဖို့ အသုံးပြုနိုင်ပါတယ်။

အသုံးပြုနည်း …

ပြထားတဲ့ ယန္တြကို မျဉ်းကြောင်းမပါတဲ့ စက္ကူအဖြူတစ်ရွက်ပေါ်မှာ ခဲတံနဲ့ပုံတူ ကူးရေးလို့ဖြစ်စေ၊ မိတ္တူကူးယူလို့ဖြစ်စေ အသုံးပြုနိုင်ပါတယ်။ ကျနော်ကတော့ အသုံးပြုမယ့်သူရဲ့ မွေးနေ့ မနက် ၉း၄၅ မှာ မိတ္တူကူးယူစေပြီးမှ ကြွေပန်းကန်ပြားတစ်ချပ်ရဲ့အလယ်မှာ ကော်နဲ့ကပ်ခိုင်းလေ့ရှိပါတယ်။ ပြီးရင် အဲဒီ ပန်းကန်ထဲမှာ သစ်သီး ( ၃ ) မျိုးကို ထည့်ခိုင်းပြီး အောက်ပါဂါထာနဲ့ ၂၅ ခေါက်ရွတ်ခိုင်းလေ့ရှိပါ တယ်။

 

"Mukham bindun kruthva kucha yuga mada sthasya thadha dho

Harardha dhyayedhyo haramamahishi the manmathakalam

Sa sadhya samkshebham nayathi vanitha inyathiladhu

Thrilokimapyasu bramayathi ravindu sthana yugam."

 

မူရင်းမှာတော့ ၁၀၀၀ ( တစ်ထောင် ) ရွတ်ရမယ်လို့ဆိုပါတယ်။ ရွတ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဒါပေမယ့် ကျနော်ကတော့ မြောက်အရပ်လှည့်ထိုင်ပြီး တစ်နေ့ ( ၂၅ ) ခေါက်နှုန်းနဲ့ ၂၅ ရက်ရွတ်ဆိုခိုင်းလေ့ရှိပါတယ်။ ဘယ်လောက်ခက်ခဲပါစေ … နောက်ဆုံးအဆင်ပြေသွားတာချည်းပါပဲ။ ဂါထာက လူတိုင်းလိုက်ရွတ်ဖို့ အဆင်မပြေတတ်ပါဘူး။ ဒီတော့ ကျနော်ဘယ်လိုလုပ်ခိုင်းသလဲဆိုရင် အဲဒီဂါထာရွတ်ထားတဲ့ အသံဖိုင်ကို ဖုန်းနဲ့ဖွင့်ခိုင်းပြီး စိတ်ထဲကနေ လိုက်ပါရွတ်ဆိုနေဖို့ အကြံပြုလေ့ရှိပါ တယ်။ ဒီလိုလုပ်လည်း အဆင်ပြေပါတယ်။ အသံဖိုင်ကို လိုချင်ရင် အောက်မှာ ဒေါင်းယူပါ။ နမူနာ နားထောင်လို့ရအောင်လည်း ဖန်တီးပေးထားပါတယ်။

 Download Mp3

ပညာရှင်များအတွက်ကတော့ ဒီယန္တြ ကို ပုလင်းအစီရင်တွေနဲ့တွဲပြီး အသုံးပြုနိုင်အောင် သီးသန့် သင်ခန်းစာပြုလုပ်ပေးပါမယ်။