အမှန်အတိုင်းပြောရရင် … ကျနော် ဒီလို ယေဘုယဆန်ဆန် လုပ်ရတဲ့ အလုပ်မျိုးကို မလုပ်ချင်ပါဘူး။ ခင်ဗျားရဲ့ မွေးသက္ကရာဇ်ကို တိတိကျကျပေးရင် … ကျနော့်ဘက်ကလည်း တိတိကျကျတွက်ပေးချင် ပါတယ်။ ခက်တာက ကျနော့်ဆီလာမေးတာမဟုတ်ပဲ … မွေးသက္ကရာဇ်တိုင်း၊ မွေးချိန်တိုင်းအတွက် အကုန်လိုက်တွက်ပေးနေဖို့ ဆိုတာကလည်း လုံး၀မဖြစ်နိုင်တဲ့ ကိစ္စဖြစ်နေပြန်ပါတယ်။ ဒီတော့ ခပ်လွယ် လွယ်နဲ့ ခပ်ကြမ်းကြမ်း အသုံးပြုလို့ရမယ့် နည်းလမ်းတွေနဲ့ မိတ်ဆွေတို့အတွက် တစုံတရာအထောက် အကူရစေခြင်း အလို့ငှာ … ဆန်းမဟာကောဇာဂြိုဟ်သွားပြက္ခဒိန်ကို အသုံးပြုပြီး ၇ ရက်သားသမီးတို့ရဲ့ ကံကြမ္မာရက်စွဲများကို ဖော်ပြပေးလိုက်ပါတယ်။ ဒီလိုဖော်ပြတဲ့နေရာမှာလည်း ဘယ်သူ့ကို သာစေ၊ ဘယ်သူ့ကိုနာစေဆိုတဲ့ဆန္ဒမပါပဲ … ကိန်းခန်းသဘောတရားအရသာ တင်ပြပေးထားပါတယ်။ ကံကောင်း တဲ့ရက်စွဲနဲ့ တိုက်ဆိုင်ပါက ကံကောင်းသည်ဟု အပျော်လွန်ရန်မဟုတ်ပဲ … တစုံတရာကို ကောင်းစွာကြိုး စားပမ်းစားပြုနိုင်ရန် ရည်ရွယ်ပြီး … အဆိုးဖြစ်တဲ့ ရက်စွဲနဲ့တိုက်ဆိုင်ပါက ကံဆိုးသည်ဟု ဝမ်းနည်းနေရန် မဟုတ်ပဲ … တစုံတရာကို သတိပြုလုပ်ဆောင်နိုင်ရန် ရည်ရွယ်ပါတယ်။ ဖော်ပြတဲ့နေရာမှာလည်း အသေး စိတ်တွေ ရေးပြနေမှာမဟုတ်ပဲ … ဝိသေသအဟောအဖြစ် … သက်ဆိုင်ရာ ရက်ရဲ့ အရှင်သခင်ဖြစ်တဲ့ နေနံတွေကို မူတည်ကာ ဟောပြောပေးသွားမှာဖြစ်ပါတယ်။ ဒီလိုဟောပေးတဲ့အတွက် အခြားနေ့နံတွေ ကံမကောင်းဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ အဲဒီရက်စွဲမှာ ဒီလိုနေ့နံတွေ ကံအားပိုသာလာမယ်ဆိုတာကို သိစေလိုခြင်းသာဖြစ်ပါတယ်။


ဒီတလအတွက် အကြံပြုချက်တွေကို ဇယားချပြီး ရှင်းပြပေးထားပါတယ်။ 


( ပုံကို မမြင်ရရင် လက်နဲ့ထောက်ကြည့်ပါ။ )


ဥပမာအားဖြင့် ... တနင်္ဂနွေသားသမီးများအတွက် ...

တနင်္ဂနွေနဲ့သက်ဆိုင်တဲ့ နေရာကို ကြည့်ပါ။ 

ပထမတန်းစား ကံကောင်းတဲ့ရက်တွေ ဒီလထဲမရှိပါဘူး။

ဒုတိယတန်းစားကံကောင်းတဲ့ရက်တွေကတော့ ဒီလထဲက 27 - 28 - 29 - 30 ရက်တွေဖြစ်ပါတယ်။ 

ကံကောင်းသည်ဖြစ်စေ၊ ကံမကောင်းသည်ဖြစ်စေ ကံဇာတာတိုးတက်လာစေဖို့ ... ကံ့ကော်သားလက်တဆစ်ကို ဒီလ တလလုံး အဆောင်ပြုပေးရပါမယ်။ 

အခြားနေ့သားသမီးတွေလည်း ဒီအတိုင်းပါပဲ ... နားလည်မယ်ထင်ပါတယ်။